မြန်မာသူငယ်ချင်းများအဖွဲ့

အားလုံးအတွက် အနွေးထွေးဆုံး တစ်ခုတည်းသောနေရာ

ချစ်သူလေး ..ဟောင်းအာယူ လို့ဆိုလာတဲ့ ဗိုင်းရပ်စ်

သင်တန်းတစ်ခုမှာပေါ့ဗျာ .... ကွန်ပြူတာထဲက ရှိသမျှ ဓာတ်ပုံတွေ သီချင်းတွေ ကြိုက်လို့ဆိုပြီး ကူးလာခဲ့တယ်။ အိမ်ရောက်လို့ ဓာတ်ပုံတွေထည့်ပြီးလို့ မှမကြာသေးဘူး ဒီစာသားတက်လာတယ်။


ဟ-ဘာကြီးတုန်းဟ ဆိုပြီးနည်းနည်းကြောင်သွားတယ်။ နောက်ရယ်လည်းရယ်ချင်သွားတယ်။ မရယ်ဘဲရှိမလားဗျ..
Desk top ပေါ်မှာ Virus Information လို့အလိုလိုပေါ်နေတဲ့ Note pad မှာရေးထားတဲ့စာက -

Hi fri

It is nice to meet you . . . .

I ko thi lar, see yin kaw kin mar lar, i ka talk khin tat tal nor . . . .

I ka girl nor, chit mar lar . . . . .

I ka u computer ko bar ma, ma loat par buu khin lo Virus write pi talk sa tar ko , he` he` . . . .

Sate so ya buu nor i ka di lo pae` . . . . ya tal ma hote lar

I name ko thi chin lar? pyaw pya par buu; bar lo pyaw pya ya mar lae`

u ka boy lar, age ka kaw?

i ka 18age girl i gamil ka comput5r3razygirl@gmail.com

bye bye . . . luu soe . . . fly kiss . .


အယ် ... သူ့ ကိုယ်သူကြော်ငြာသွားသေးတာ၊ ပြီးတော့ နာမည်သိချင်လား သူ့ဘာသာမေးပြီး ..ပြောပြပါဘူးတဲ့ ...ကောင်းရော။
ပြီးတော့ ကျွန်တော့်ကို ဘွိုင်းလား၊ အသက်ဘယ်လောက်ရှိပြီလဲ မေးတော့ အသည်းကို ယားသွားတာပဲ။
နောက်ဆုံးကဟာကြီးကအဆိုးဆုံး ... လူဆိုး..ဖလိုင်းကစ်..တဲ့။ :( စိတ်လေပါတယ်။

သူ့စာက နာရီဝက်ကို တစ်ခါနီးပါးလောက်ပေါ်တာဗျ။ နောက် နာရီဝက်ကျတော့ စာလေးပြောင်းသွားတယ်။ ဒီလို...


ကျွန်တော်ဒါကြီး မြင်တော့ တောင်စဉ်ရေမရပေါက်တတ်ကရလျှောက်စဉ်းစားနေမိတယ်။ ဘောက်စ် ၂ခုလုံးပါပဲ။ yes နှိပ်နှိပ် နိုးနှိပ်နှိပ် ပိတ်သွားတယ်။
တော်သေးတယ်။
Do you Love me ?
[Yes] ...... [Inn]
ဆိုပြီးမမေးတာကံကောင်းတယ်လို့ ...။

ဒါဟာတကယ်တော့ မြန်မာပြည်ကရေးတဲ့ ဗိုင်းရပ်စ် မဟုတ်ပါဘူး။ Foreign က Coding တွေကိုပြန်ပြင်ထားတာပဲဖြစ်ပါတယ်။ သူ့နာမည်က Loikaw Hacking day ပါတဲ့။ လွိုင်ကော်ဟက်ကင်းဒေးပေါ့လေ။
ရေးတဲ့လူကတော့ သူ့ကိုယ်သူ မိန်းမလို့ပြောထားတာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ပြောလိုက်ချင်သည် ......... မထင်..ဟင်..ဟင်..ဟင် (ဟင်..ဟင်..ဟင်က Echo သံဖြစ်ပါတယ်)။
ထင်တာပြောရရင်တော့ မိန်းမစိတ်ပေါက်နေသူ ဒါမှမဟုတ် ယောက်ျားလျာ ဒါမှမဟုတ် အခြောက် ဖြစ်နိုင်တယ်။

ဒီဟာက သိပ်တော့ ဒုက္ခမပေးပါဘူး။ ဖိုင်တွေကို hidden လုပ်တယ်။ ပြီးတော့ အဲသည့်ဖိုင် ရဲ့ နာမည်နဲ့ပဲ သုံးမရတဲ့ ဖိုင်စုတ်တစ်ခုပြတယ်။ ဒီတော့ သုံးတဲ့လူက ဖိုင်ပျက်သွားပြီလို့ထင်ရော...။

အဲဒါနဲ့ ပတ်သတ်ပြီး နည်းလေးနည်းနည်းပြောချင်လို့ .....
ဖိုင်ပျောက်ရင် အပေါ်က Tools >> Folder Option မှာနှိပ် ၊ View Tab ထဲကမှ Show Hidden Files and Folders ကိုနှိပ်လိုက်ရင်ရပါပြီ။

ဒါပေမယ့်ဗျာ ...
တစ်ခါတလေ ဒီကောင်က အဲသည့် Folder Option ကိုတောင်ဖျောက်ထားတယ်။ ဘာမှလုပ်မရတော့ဘူး။
သူ့ကိုသတ်မယ့်ဖိုင်တောင် ဖျောက်ထားလိုက်တော့ ...အေးရော။


ဒီလို Folder Option ပျောက်နေရင် ဒီလိုလုပ်ပါ။

ပထမဦးဆုံး Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို့ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။
အဲဒီအခါမှာ ဒီလမ်းကြောင်းအတိုင်း ဆက်သွားပါ။
Registry Editorထဲက My computer => HKEY_CURRENT_USER
=> software
=> Microsoft
=> windows
=> Current version
=> Policies
=> Explorer ။ Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒို Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။

ကဲ Folder Option ပျောက်သွားရင်တော့ တော်တော်များများအဆင်ပြေသွားပါပြီ။ ဖျောက်ထားတဲ့ ဖိုင်တွေလည်း ပြန်ဖော်လို့ရပါပြီ။

အဲ...ဖိုင်ကျတော့ ဒီနေရာမှာ သာ သွားယူပေတော့ဗျာ..။

http://friendsmyanmar.ning.com/forum/topics/loikaw-hacking-day-virous

အဲဒါလေးယူပြီး Run ရုံပဲ။ စမ်းကြည့်လိုက်ပါ အိုကေမယ်လို့ထင်ပါတယ်။




P.S
မှတ်ချက်။ ။ကျွန်တော် သူ့မေးကိုသွားအဒ်လိုက်ပါတယ်။
မေးက တကယ်ရှိပါတယ်။ နောက်နေ့ကျတော့ သူရေးထားတာကိုတွေ့လိုက်ရတဲ့စာက -
comput5r3razygirl: အာလုံးမင်္ဂလာပါခင်ဗျာ ကျွန်တော် မိန်းကလေးမဟုတ်ပါဘူးခင်ဗျာ ကြည်စယ်လိုက်တာပါ loikawhacker@gmail.com



သြော် ...
ပြောဖို့ မေ့သွားလို့ ထပ်ဖြည့်လိုက်တယ်နော် ...
အဲ့သည့် ဗိုင်းရပ်စ် ၀င်နေတဲ့ စတစ်ကို ဂျီတော့ သုံးရင် စက်မှာ သွားမထိုးပါနဲ့ ...

ကိုယ်နဲ့ချက်နေတဲ့ သူဆီကို ပေါက်ကရလေးဆယ် စာတွေ အကုန် လျှောက်ပို့ပါလိမ့်မယ် ....
မြန်မာဖောင့်သုံးနေရင်လည်း ဖတ်လို့ရအောင်မြန်မာစာပါတယ် ...
အင်္ဂလိပ်ဖောင့်သုံးနေရင်လည်း ဖတ်လို့ရအောင် အင်္ဂလိပ်စာပါတယ် ...
စာတွေ အကုန်ကတော့ မေ့သွားပြီ ..
မှတ်မိတာလေးပဲပြောပြလိုက်တော့မယ် ..

နင့်ရင်ထဲမှာ ငါမရှိလည်း
ငါ့ရင်ထဲမှာ နင်ရှိတယ်ဆိုတာ နင်သိရင် ဒီအကောင့်ကိုအဒ်လိုက်ပါ

တဲ့ ...
လန်းတယ်နော်... :P

ကြည့်ရှူ့သွားသူ - 17454

အညွန်း

(ရှာရလွယ်အောင် အမျိုးအစားရေးရမှာပါ။
ဥပမာ- သတင်း၊ ဟာသ၊ ကဗျာ၊ ဗဟုသုတ၊ နည်းပညာ စသဖြင့်ပေါ့

တစ်ခုထပ်ပိုညွှန်းချင်ရင် Space Bar ရိုက်ပြီး တန်းစီရေးပါ။

ကိုယ့်နာမည်ကိုယ်ရေးလည်းရပါတယ်။)


မှတ်ချက်ပေးမယ်

မြန်မာသူငယ်ချင်းများအဖွဲ့ ရဲ့ အဖွဲ့ ဝင်ဖြစ်မှ မှတ်ချက်ပေးလို့ရမှာပါခင်ဗျ

မြန်မာသူငယ်ချင်းများအဖွဲ့ ကိုဆက်သွယ်မယ်

အဖြူရောင်နတ်သမီးလေး ကမှတ်ချက်ပေးသွားပါတယ်ဗျို့  (တနင်္လာနေ့က )

နင့်ရင်ထဲမှာ ငါမရှိလည်း
ငါ့ရင်ထဲမှာ နင်ရှိတယ်ဆိုတာ နင်သိရင် ဒီအကောင့်ကိုအဒ်လိုက်ပါခ်ခ်

+!^^YoonYoon+!^^ က သြဂတ်စ်လ 27, 2014 ရက်နေ့ 10:18am မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား

အာပေးဖတ်ရှုသွားပါတယ်

M@y L@y က အောက်တိုဘာလ 29, 2013 ရက်နေ့ 8:59pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား

ရူးအောင်ချစ် က သြဂတ်စ်လ 30, 2013 ရက်နေ့ 10:15pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
မိုးစက်မင်း က ဂျူလိုင်လ 20, 2013 ရက်နေ့ 2:37pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
သဘောကျတယ်
W@R က သြဂတ်စ်လ 31, 2011 ရက်နေ့ 1:07pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
စမ်းလိုက်ဦးမယ်ဗျ
သူရိန် က နိုဗင်ဘာလ 25, 2010 ရက်နေ့ 8:50pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
ကျေးဇူးပါဗျာ...ဒီလိုသာ မသိထားရင် အရူးကိုဖြစ်မှာပဲ
kumudralily က နိုဗင်ဘာလ 25, 2010 ရက်နေ့ 8:06pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
ခုလိုသိရတဲ့အတွက်ကျေးဇူးတင်ပါတယ်
သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ပါတယ်
စမိုင်းလေး က ဖေဖော်ဝါရီလ 14, 2010 ရက်နေ့ 2:59pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
အခုလိုဗဟုသုတတွေမျှဝေပေးတဲ.အတွက်ကျေးဇူးပါပဲနော်
poe poe က ဖေဖော်ဝါရီလ 9, 2010 ရက်နေ့ 3:36pm မှာမှတ်ချက်ပေးခဲ့ပါတယ်ခင်ဗျား
သိရတဲ့အတွက်ကျေးဇူးပါပဲ

© 2014   Created by နောင်လတ်(မန်း).

သင်္ကေတ  |  Report an Issue  |  Terms of Service

အပေါ်သို့